မက်မန်း ဇွန် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်အတွင်းရှိ မန်ပန်ကျေးရွာတွင် လက်ဖက်ခြောက်ဈေးကောင်းရသဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ ဒေသခံတောင်သူများ စားဝတ်နေရေး အဆင်ပြေလျက်ရှိသည်။
“မန်ကန်ကျေးရွာကအိမ်ခြေ (၃၅)အိမ်ပဲရှိတာဖြစ်ပေမဲ့ အိမ်တိုင်းလိုလို လက်ဖက်ခြံရှိကြောင်း၊ လက်ဖက်ခူးချိန်က တန်ခူးလကနေ သီတင်းကျွတ်လအထိသာ လက်ဖက်ညွန့်များခူးယူကြကြောင်း၊ တန်ခူးလမှာစထွက်တဲ့ လက်ဖက်ခြောက်ကို ရွှေဖီခြောက်လို့ခေါ်ပြီး တစ်ပိဿာကို ၁၅၀၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်အထိ ရောင်းချကြရကြောင်း၊ ဈေးကောင်းရတဲ့အတွက်ရွှေဖီခြောက်ပေါ်ပြီး၊ ရွှေဖီခြောက်ကိုများများ စုဆောင်းရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေနေကြောင်း” ကျေးရွာတောင်သူတစ်ဦးမှ ပြောကြားသည်။
ထို့ပြင် လက်ဖက်ခြောက်များကို မန်ကန်မြို့နှင့် မိုင်(၄၀)ခန့်ကွာဝေးသော မက်မန်ဆိုင်သို့ သွားရောက်ရောင်းချကြခြင်းဖြင့် ဈေးကောင်းပိုမိုရရှိကြပြီး မိသားစုစားဝတ်နေရေးအဆင်ပြေနေကြောင်း သိရသည်။
အေကပ်(မန်ကန်၊ ပြန်/ဆက်)