နတ်မောက်မြို့နယ် ဆီဆုံကုန်းကျေးရွာ အခြေခံပညာမူတန်းလွန်ကျောင်း (၆၀×၃၀) RCC (၁)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်မှု ၇၅ ရာခိုင်နှုန်း ပြီးစီး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်စေရန်အတွက် နတ်မောက်မြို့နယ် ဆီဆုံကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမြေနေရာတွင် အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်း၍ (၆၀×၃၀) RCC (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

မြင်းမူမြို့နယ်တွင် မိုးစပါး(၁၂၁၀၆)ဧကစိုက်ပျိုးရန်လျာထား

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ် မိုးရာသီတွင် ယမန်နှစ်နည်းတူ မိုးစပါးဧကအပြည့်အဝစိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများအနေဖြင့် ပျိုးထောင်ခြင်းစသည့် ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဘဝနတ်ထံပျံလွန်တော်မူသော နမ့်ဆန်မြို့၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် တိုက်အုပ်ဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရ (မဟာသဒ္ဓမဇောတိကဓဇ) အရှင်သူမြတ်၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပနပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ဘဝနတ်ထံပျံလွန်တော်မူသော နမ့်ဆန်မြို့၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် တိုက်အုပ်ဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရ (မဟာသဒ္ဓမဇောတိကဓဇ)အရှင်သူမြတ်၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပနပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့မဂိုဏ်းချုပ်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးခရိုင် ပေါင်းစုံအမျိုးသမီး ဖူဆယ်ပြိုင်ပွဲ အောင်ပွဲရသန်လျင်ခရိုင်အသင်းအား ဂုဏ်ပြုကြိုဆို

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ပထမရရှိခဲ့သော သန်လျင်ခရိုင်ဖူဆယ် အမျိုးသမီးအသင်းအား ဂုဏ်ပြုကြိုဆိုပွဲကို ယမန်နေ့ညနေပိုင်းတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပခဲ့သည်။

သာယာဝတီ၌ အသက်(၆)လမှ(၃)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အသက်(၆)လမှ (၃)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်/ ကော်ပါဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တပ်ကုန်းမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည့် စိန်ရတုအလွန် ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည့် ပထမအကြိမ် စိန်ရတုအလွန် ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီက မြဝတီရပ်ကွက်၊ ပဏ္ဍိတာရာမ စာသင်တိုက်တွင် ကျင်းပသည်။

ညောင်လေးပင်မြို့နယ်၌ စားအုန်းဆီ တစ်ပိဿာ ၄၆၀၀ ကျပ်ဖြင့် ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မြို့မ(၅)ရပ်ကွက်၌ ယနေ့နံနက် ၁၀ နာရီအချိန်က စားအုန်းဆီများ လိုက်လှန်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to