ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်/ ကော်ပါဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါစစ်ဆေးရာတွင် အ.ထ.က(ရွှေတောင်) ကျောင်းဝန်းအတွင်းရှိစက်မှု၊ စိုက်ပျိုး‌ရေးနှင့် မွေးမြူရေးသင်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုအခြေအနေနှင့် အဆောင်နေကျောင်းသား / ကျောင်းသူများ၏ စားသောက်နေထိုင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသခွဲ(၃)ဦးစီးမှူးရုံးမှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း( ၃၅၀)ဖြင့်ဆောင်ရွက်လျက်ရှိသည့် ယွန်းတန်းရပ်ကွက် ဧရာဝတီမြစ်ရေတိုက်စားမှုကမ်းပြိုကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းစုဆောင်းထားရှိမှုနှင့် လုပ်ငန်းစတင်ဆောင်ရွက်နေမှုအခြေအနေများ၊ အ.ထ.က(သရက်တော)ကျောင်းဝန်းအတွင်းရှိ စံပြအောင်ကုမ္ပဏီမှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် (၉၀x ၃၀) ပေ Steel Structure(၁) ထပ်ကျောင်းဆောင်ဆောက်လုပ်ပြီးစီးမှု အခြေအနေများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့​ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းအကောင်ထည်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များ ကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)