မြင်းမူမြို့နယ်တွင် မိုးစပါး(၁၂၁၀၆)ဧကစိုက်ပျိုးရန်လျာထား

မြင်းမူ ဇွန်၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ် မိုးရာသီတွင် ယမန်နှစ်နည်းတူ မိုးစပါးဧကအပြည့်အဝစိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများအနေဖြင့် ပျိုးထောင်ခြင်းစသည့် ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဒေသခံတောင်သူများ၏ ရာသီအလိုက်စိုက်ပျိုးလျှက်ရှိကြသည့် သီးနှံများမျိုးစေ့မှန်ကန်မှုရှိရေး၊ နည်းစနစ်တစ်ကျစိုက်ပျိုးရေး၊ ပိုးမွှားအန္တရယ်ကာကွယ်ရေးဆိုင်ရာကိစ္စများ၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲမှုဆိုင်ရာများ စသည့်နည်းပညာပေးလုပ်ငန်းများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရှိရသည်။

မြင်းမူမြို့နယ်အနေဖြင့် ပျော့ရွာမြစ်ရေတင်စီမံကိန်းပါ ကျေးရွာ(၅)ရွာ၏ နှစ်စဉ်စပါးစိုက်ဧက (၂၀၀၀) အပြင် အခြားမြစ်ရေတင်နှင့်မြေအောက်ရေတို့ဖြင့် မိုးစပါး(၁၂၁၀၆)ဧကကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)