ညောင်လေးပင်မြို့နယ်၌ စားအုန်းဆီ တစ်ပိဿာ ၄၆၀၀ ကျပ်ဖြင့် ရောင်းချ

ညောင်လေးပင် ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မြို့မ(၅)ရပ်ကွက်၌ ယနေ့နံနက် ၁၀ နာရီအချိန်က စားအုန်းဆီများ လိုက်လှန်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်း၏အစီအစဉ်ဖြင့် ပဲခူးခရိုင် ဆီကုန်သည်များအသင်းမှ စားအုန်းဆီတစ်ပိဿာလျှင် ၄၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့တာဖြစ်ပြီး ကျန်ရှိနေသေးသော မြို့ပေါ်ရပ်ကွက်များအလိုက် ၉.၆..၂၀၂၃ ရက်နေ့ထိ ဆက်လက်ရောင်းချပေးသွားမှာဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

မြို့နယ်ပြန်ဆက်