ဘဝနတ်ထံပျံလွန်တော်မူသော နမ့်ဆန်မြို့၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် တိုက်အုပ်ဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရ (မဟာသဒ္ဓမဇောတိကဓဇ) အရှင်သူမြတ်၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပနပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နမ့်ဆန် ဇွန် ၁၃

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ဘဝနတ်ထံပျံလွန်တော်မူသော နမ့်ဆန်မြို့၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် တိုက်အုပ်ဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရ (မဟာသဒ္ဓမဇောတိကဓဇ)အရှင်သူမြတ်၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပနပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့မဂိုဏ်းချုပ်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ပရိသတ်အပေါင်းတို့မှ နမောတဿ မဟာပနာမ ဘုရားရှိခိုးဂါထာတော်ကို (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့မဂိုဏ်ချုပ်ကျောင်းတိုက်မှ မြို့နယ်သံဃနာယကအဖွဲ့ဩဝါဒါစရိယ (မဟာသဒ္ဓမဇောတိကဓဇ)ဆရာတော်ဘုရားအား ဩကာသကန်တော့ချိုးဖြင့် ကန်းတော့ကြကာ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်မှ မြို့နယ်သံဃနာယကအဖွဲ့ဩဝါဒါစရိယ (မဟာသဒ္ဒမ ဇောတိကဓဇ) ဆရာတော်ဘုရားမှ ဩဝါဒကထာချီးမြှင့်တော်မူခဲ့ပြီး၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ အမှတ် (၁၀၁)ခြေမြန်တပ်မမှ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်တို့မှ အကြံပြု ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အန္တိမ အဂ္ဂိဈာပနပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ကျော်မှ ဈာပနပွဲနှင့်ပတ်သက်သည့် ကိစ္စရပ်များနှင့် ဆရာတော်ပျံလွန်တော်မူသည့်နေ့မှ ရက်လည်စံကျောင်းချသည့်နေ့အထိ အလှူခံရငွေ/သုံးငွေ စာရင်းရှင်းတမ်းတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာသူများမှ အကြံပြု ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ရတနာမြတ်သုံးပါးအား ကန်တော့၍ ဗုဒ္ဓသာသနံ စိရံတိဌာတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)