မော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မော်လမြိုင်    ဇွန် ၁၃      

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် ၃၈ မူးယစ်တပ်ဖွဲ့စု(မော်လမြိုင်)၊ မြို့နယ်ဉပဒေတို့ပူးပေါင်း၍ ဇွန်လ(၁၃)ရက်နေ့နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်စန်းမြင့်က မူးယစ်ဆေးဝါးနှင့်ပတ်သကသည့် ‌အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မိမိတို့၏ကိုယ်ပိုင်အသိပညာဖြင့် အမှား၊ အမှန်ကို ဝေဖန်ပိုင်ခြားတတ်စေရန်အတွက် စာအုပ်စာစောင်များအား လေ့လာဖတ်ရှုစေရေးတို့ကိုလည်းကောင်း၊ အမှတ် ၃၈ မူးယစ်တပ်ဖွဲ့စု (မော်လမြိုင်) ဒုတိယတပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ဆန်း၀င်းက ယနေ့လူငယ်များမူးယစ်‌ဆေးဝါး အန္တရာယ်နှင့်ရင်ဆိုင်နေရမှုများ၊ မူးယစ်ဆေးဝါးစာရင်းတွင် ပါ၀င်နေသည့်ဆေးဝါးများ၊ မူးယစ်ဆေးဝါးကြောင့် ဘ၀ပျက်ခဲ့ရမှုများ၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပွားတတ်သည့်ရောဂါများနှင့်သုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများ၊ ထုတ်လုပ်မှု၊ သုံးစွဲမှုပပျောက်ရေးနှင့် တားဆီးနှိမ်နှင်းရေး နည်းဗျူဟာသုံးရပ်ချမှတ်၍ တားဆီးဆောင်ရွက်နေမှုများအားလည်းကောင်း၊ မြို့နယ်ဉပဒေအရာရှိဒေါ်ဖြူဖြူသင်းက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ဉပဒေရေးရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော အမှတ် ၃ အခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ပြီး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရှိရသည်။

ခရိုင်ပြန်/ဆက်