တောင်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

တောင်ဥက္ကလာပ ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မိုးဦးကျကာလ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပိုးလောက်လန်း ပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၇)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် အမှတ်(၁၄)ရပ်ကွက် စီမံကိန်း-၂ တွင် အဘိတ် (abate) ဆေးခပ်​​ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

မိုးဦးကျကာလတွင် ခြင်ပေါက်ဖွားမှုများပြားလာနိုင်​သည့် အတွက်ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်​ရေး၊ ပိုး‌လောက်လန်း ပေါက်ဖွားမှုမှ ကာကွယ်နိုင်​ရေး ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအား အဘိတ်(abate) ဆေးခတ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြ​ပြီး ကျန်းမာရေးဗဟုသုတ အသိပညာပေးခြင်းလုပ်ငန်းများကို  ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်(abate) ဆေးခတ်ခြင်းလုပ်ငန်းကို  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ ဆက်)