ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်းကျင်းပ

ဖားဆောင်း ​ဇွန် ၁၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှ စာရေးဆရာချစ်နိုင်(စိတ်ပညာ)​​ရေးသားသည့်​​ဘဝထဲကသင်ခန်းသာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Center)၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နန်းသဲနုအောင်က စာပေချစ်သူများအကြိုက်စာအုပ်ဖြင့် စာဖတ်သူအချင်းချင်းဗဟုသုတများအသိပညာများ မျှဝေဆွေးနွေးနိုင်စေရန်နှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့်စာအုပ်မှ လုံခြုံစွာကာကွယ်ပါဆိုသည့်​​ခေါင်းစဥ်ပါအ​ကြောင်းအရာများဖြစ်​သည့် လူတစ်ယောက်၏တန်ဖိုးသည် သူမည်မျှချမ်းသာကြွယ်ဝသနည်းဆို​သော အတိုင်းအတာမဟုတ်။ ထိုသူမည်မျှစည်းစိမ်ဥစ္စာ​တွေ၊ ရတနာ​ရွှေ​ငွေပိုင်ဆိုင်ဇိမ်ခံသွားနိုင်ခဲ့သနည်းဟူသောအတိုင်းအဆမဟုတ်။ ထိုသူမည်မျှတန်ဖိုးသြဇာကြီးခဲ့သနည်းဆိုသည့်အရာလည်းမဟုတ်စသည့်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက်(Book Club)အဖွဲ့ဝင် ဦးရဲဝင်းနိုင်ကအ​​တွေးက​ရှေ့​ဆောင်သည်ခေါင်းစဥ်ဖြင့်​လည်းကောင်း​ဆွေး​နွေးပြီး အဖွဲ့ဝင်​ဦး​နိုင်သူဝင်းကတိုးတက်ခြင်း၏ အခြေခံများခေါင်းစဥ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်​ဒေါ်​မေသဇင်ဦးက​လောဘနဲ့​ဒေါသ​ခေါင်းစဥ်ဖြင့်လည်း​ကောင်း အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် ပြသထားရှိသည့်စာအုပ်၊ စာ​စောင်များကို ကြည့်ရှုအား​ပေးခဲ့ကြ​ကြောင်း သိရသည်။ 

အဆိုပါစာဖတ်ဝိုင်းပြုလုပ်​ပေးခြင်းဖြင့် စာဖတ်သည့်အ​လေ့အကျင့်များ၊ အပြန်လှန်​ဆွေးနွေးသည့်အ​လေ့များ၊ တစ်ဦးအ​ပေါ်တစ်ဦးနားလည်ကိုယ်ချင်းစာစိတ်များ၊ ဖတ်မှတ်လေ့လာမှတ်သားသည့်အ​လေ့အကျင့်​ကောင်းများ၏ အကျိုး​ကျေးဇူးများစွာရရှိမည်ဖြစ်ကြောင်း စာဖတ်ပရိသတ်၊ စာ​ပေချစ်မြတ်နိုးသူတစ်ဦးက​ပြောကြားခဲ့သည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)