ချောင်းဆုံ ဇွန် ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအတွက် အချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးလျက်ရှိရာ ဇွန်လ(၁၃)ရက်နေ့အထိ ကျေးရွာ(၁၃)ရွာမှ တောင်သူ(၆၄၉)ဦး စိုက်ဧက (၄၃၂၁) ဧကအတွက် ငွေကျပ်(၆၄၈၁)သိန်း(၅)သောင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်မိုးစပါးစိုက်ဧက(၄)သောင်းအတွက် ငွေကျပ်သိန်းပေါင်း(၆)သောင်းခန့်ထုတ်ချေးပေးနိုင်ရန်လျာထားလျက်ရှိကြောင်း၊ ယနေ့တွင်လည်း ကျေးရွာ(၂) ရွာမှ တောင်သူ(၂၃၂) ဦး စိုက်ဧက (၁၄၅၂) ဧကအတွက် ငွေကျပ် (၂၁၇၈)သိန်းကို ထုတ်ချေးခဲ့ကြောင်း၊ ကျန်ရှိသည့် ကျေးရွာများကိုလည်း စိုက်ပျိုးအချိန်မီ ချေးငွေများကို နေ့စဉ်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ဘဏ်ခွဲမန်နေဂျာဒေါ်သီတာထွန်း ထံမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)