ကျောက်တန်း ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်တန်းမြို့နယ်၊ မြို့မ အ.လ.က ကျောင်း ရွှေသံလွင်ခန်းမ၌ ကျင်းခဲ့သည်။
အဆိုပါ ဟောပြောပွဲကို ကျောက်တန်းမြို့နယ် မြို့မအ.လ.ကကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြ၀င်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းမှ လူကုန်ကူးမှုပတ်သတ်၍ အသိပညာပေး ဟောပြော ဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူလေးများမှလည်း လူကုန်ကူးမှုနှင့်ပတ်သတ်ပြီး ပါ၀င်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)