သံတောင်ကြီး ဇွန် ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်(၂) နာရီအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေး Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနော်လော်မူက Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ကျား၊မအခြေပြု အကြမ်းဖက်အဓိပ္ပာယ်၊ အမျိုးသမီးများကိုအကြမ်းဖက်မှုမှကာကွယ်ပေးသည့်ဥပဒေများကို ရှင်းလင်း ဆွေးနွေးပြီး ဒုတိယဦးစီးမှူး နော်နီလာအေးက အမျိုးသမီးများအား ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ၊စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဆက်သွယ်ရေး နည်းပညာကို အသုံးပြု၍အကြမ်းဖက်ခြင်း စသည့်အကြောင်းအရာများ၊ ကျား/မရေးရာကိစ္စများကိုပုံ သေကားကျ မှတ်ယူခြင်း၊ ကျား၊မလူမှုရေးရာစံနှုန်းများအရ ခွဲခြားနှိမ့်ချဆက်ဆံခြင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ ကြောင်း သိရသည်။
စောမင်းသား