မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မင်းလှ ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ အောင်ကိုဦး (UMK) ရေးသားသည့် လူငယ်တွေကို လမ်းဖွင့်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင် က အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ သမုတိမျိုးမြင့်က အောင်ကိုဦး (UMK) ရေးသားသည့် လူငယ်တွေကို လမ်းဖွင့်ပေးပါစာအုပ်မှ လူငယ်တွေကို လမ်းဖွင့်ပေးပါ၊ လူငယ်များနဲ့ အမေ့အိမ်အပြန်၊ အင်တာဗျူးဖြေမယ်ဆိုရင်၊ အလုပ်လုပ်ကြတဲ့အခါအပါအဝင် အခန်းကဏ္ဍပါအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများဗဟုသုတရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပြုလုပ်လျက် ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)