နမ့်စန်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ ပျိုးပင်ပေါင်း ၁၂၀၀ စုပေါင်းစိုက်ပျိုး

နမ့်စန်() ဇွန် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၏ ၂၀၂၃ ခုနှစ် မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု အမှတ်(၂)ကျေးရွာ အနီး၊ နမ့်စန်-ခိုလမ် ပြည်ထောင်စုကားလမ်းမကြီးဘေးတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်က စုပေါင်းသစ်ပင်စိုက်ပျိုးပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်က ပျိုးပင်များပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ဆက်လက်၍ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် နမ့်စန်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးတင်ကျော်ဝင်းတို့က ပျိုးပင်များပေးအပ်ခဲ့ရာ ခရိုင်ဥပဒေအရာရှိ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ တောင်တန်း လူငယ်လူမှုကူညီရေးအသင်းနှင့် မေတ္တာရှင်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့နောက်  အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ နမ့်စန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင် ကျော်ဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ လွိုင်လင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိုးနှင့် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဌာနေပြည်သူ့စစ်အဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား (၁၂၀၀)ဦးခန့်က ချယ်ရီ၊ မန်ဂျန်ရှား၊ ယူကလစ်နှင့် ရေသင်းဝင် ပျိုးပင်စုစုပေါင်း (၁၂၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)