ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူ​ရေးရာဦးစီးဌာန​တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပ

ဒိုက်ဦး ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ အမှတ် ၆ ရပ်ကွက် (မူလွန်) ဗိုလ်တဲစုကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန နှင့်စားသုံးသူ​ရေးရာဦးစီးဌာန​တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် စားသုံးသူ​ရေးရာဦးစီးဌာန ​မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်က စားသုံးသူရေးရာအကြောင်း သိကောင်းစရာအကြောင်းအရာ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းဦးက လူငယ် နှင့်ခေါင်းဆောင်ခေါင်းစဉ်ဖြင့် အားကစား၏အဓိပ္ပါယ်၊ အမျိုးအစားများ၊ အားကစားပြုလုပ်ရခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ အား/ ကာသိပ္ပံကျောင်းများအကြောင်း၊ မြန်မာ့လက်ရွေးစင်အားကစားသမားများ ရွေးချယ်လေ့ကျင့်ပေးပုံအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က မူးယစ်ဆေးဝါးကင်းစင်သည့် အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်စေရန်နှင့် ဆေးလိပ်အပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်မှ တားစီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲမိသောအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများတို့ကို ရှင်းလင်း​​ဟောပြောခဲ့သည်။

ထို့နောက်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရုံးချုပ်မှပေးပို့သော သုတ၊ရသ စာအုပ်များခင်းကျင်းပြသခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား/ ကျောင်းသူများ စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)