ရေတာရှည် ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉:၃၀ နာရီအချိန်က အမှတ် (၆)ရပ်ကွက်ရှိ အ.ထ.က(ရွှေကြက်ယက်)၌ ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကောင်းထက်နိုင်မှ မီးဘေးအန္တရာယ်အကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိဦးချစ်စမ်းဦးက ရေဘေးအန္တရာယ်နှင့်ပတ်သက်၍လည်းကောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်က မုန်တိုင်ဘေးအန္တရာယ်နှင့်မိုးကြိုးဘေးအန္တရာယ် အကြောင်းများကိုလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်တွေ့သရုပ်ဖော်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန့်ဇင်ဝေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ငုဝါကျော်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)