နမ္မတူမြို့နယ် အ.လ.က(၂)ကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

နမ္မတူ ဇွန် ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ (၃)နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ အမှတ် (၂) အခြေခံပညာအလယ်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်က အမှာစကားပြောကြားပြီး၊ မြို့နယ် ပြည်သူဆေးရုံအုပ် ဒေါက်တာအောင်လွင်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ရည်ရွယ်၍ သွေးလွန်တုပ် ကွေးရောဂါ လက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရန် နည်းလမ်းများ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များအားမေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ပြည်သူ့ ဆေးရုံအုပ်က ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)