အုတ်ဖိုမြို့နယ်အတွင်း ကျန်းမာရေးစစ်ဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

အုတ်ဖို ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာနတို့ပူးပေါင်း၍ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုခြင်းနှင့် ကျန်းမာရေးစစ်ဆေးကုသခြင်းကို ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာစိုးသက်ဝင်းက ကျေးလက်ကျန်းမာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုကာ အပူဒဏ်ကာကွယ်ရေးနှင့် အပူဒဏ်ကြောင့်ဖြစ်ပေါ်လာတတ်သော အခြေအနေများကို အရေးပေါ်ပြုစုပေးခြင်းအကြောင်း ကျန်းမာရေးပညာပေးခြင်း၊ တာရှည်ခံ သားဆက်ခြားရန် လိုအပ်မည့် သားများမိခင်များအား (၃)နှစ်ခံ လက်မောင်းတွင်းထည့် သန္ဓေတားဆေး ထည့်ပေးခြင်း၊ သက်ကြီးဘိုးဘွားများနှင့် မကူးစက်တတ်သောနာတာရှည်ရောဂါရှိသူများ စုစုပေါင်း (၉၉)ဦးအား ဆေးကုသမှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်းကွင်းဆင်းဆောင်ရွက်ခြင်းကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ဆရာဝန်ကြီးထံမှ သိရသည်။

အောင်သူ (ပြန်/ ဆက်)