အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပလောက်  ဇွန်  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က ပလောက်ကျောင်းတွင် ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် ပလောက်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်စီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းမြူလွင် တို့က ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုခြင်းဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ လေ့လာနိုင်ရန်နှင့် ရုံးစာကြည့်တိုက်သို့ စာအုပ်များ ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် မူးယစ်‌ဆေး သုံးစွဲရခြင်း အကြောင်းအရင်းများနှင့် မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအကြောင်း၊ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များနှင့် ရှောင်ရှားသင့်သည် များကို အသိပညာပေး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်ပြသခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ ဆေးလိပ်သောက်သုံးခြင်းနှင့် ကွမ်းစားခြင်းတို့ကြောင့် ကင်ဆာရောဂါများ ဖြစ်ပွားပုံ အကြောင်းအရာပါ နံရံကပ် စာစောင်များ ပြသပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်