ကျောက်တလုံးကြီးမြို့ ပထမနိမ္မိတသပိတ်မြတ်စေတီတော်၌ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ

ကျောက်တလုံးကြီး ဇွန် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊  ကျောက်တလုံးကြီးမြို့ ပထမနိမ္မိတသပိတ် မြတ်စေတီတော်၌  အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ် ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို  ယမန်နေ့ ညနေက အောင်ဇမ္ဗူလောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ  ကျောက်တလုံးကြီးမြို့အတွင်းရှိ  ဆရာ တော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  ကျောက်တလုံးကြီးမြို့  နောင်ဟိုင်းကြီးကျောင်းတိုက်  ဆရာတော်ထံမှ  ငါးပါး သီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များအား နာယူကြည်ညိုကြသည်။ ယင်းနောက် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး နောင်ဟိုင်းကြီးကျောင်းတိုက်  ဆရာတော်ထံမှ အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် ဆရာတော်၊သံဃာတော်များ ဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိတ် သတ်များ၊ ဒေသခံပြည်သူများက ဗုဒ္ဓသာသနာ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဖတ်ပူဇော်၍ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါ  အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဇွန်လ(၇)ရက်နေ့မှ (၁၄)ရက်နေ့ထိ (၇)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)