သဲကုန်းမြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဝေဒနာရှင်ပြည်သူများအား အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

သဲကုန်း ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါဝေဒနာရှင်များအား ရပ်ကွက်နှင့်ကျေးရွာရှိပြည်သူများအား မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနတစ်ခု ဖြစ်သည့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။ သဲကုန်းမြို့နယ်အတွင်းရှိ သွေးတိုး၊ နှလုံး၊ ဆီးချိုဝေဒနာရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနများတွင် သွားရောက်စမ်းသပ်၍ ဆေးကုသမှုခံယူခြင်း တို့ကို အခမဲ့ဆောင်ရွက်နိုင်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုကျော်(ပြန်/ဆက်)