ကျိုင်းတုံ ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ယန်းလောကျေးရွာ၊ ဖူလိုင်မိုတယ်တွင် ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက နိုင်ငံတော်အစိုးရမှ ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး စီမံချက်အရ ယခုနှစ်တွင် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု ဝေါ်ခုတ်(၁)ရွာကို ကျေရွာမြေငှားဂရမ်ထုတ်ပေးရန် ခွင့်ပြုချက်ရရှိခဲ့ပါကြောင်း၊ ကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်းအားဖြင့် မြေပိုင်ဆိုင်မှုအထောက်အထားများကို ပိုမိုခိုင်မာစေသည့်အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ပိုမိုလုံခြုံစိတ်ချစေပါကြောင်း၊ ပြည်သူများအနေဖြင့် ကျသင့်သည့် မြေခွန်များကို တာဝန်ကျေပွန်စွာ ပေးဆောင်ခြင်းအားဖြင့် နိုင်ငံတော်အစိုးရမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း ကျေးရွာနေပြည်သူများအား အမှာစကား ပြောကြားသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးမင်းသန့်လွင်နှင့် တာဝန်ရှိသူများက ယန်းလောကျေးရွာအုပ်စု၊ ဝေါ်ခုတ်(၁)ကျေးရွာ မြေငှားဂရမ် ၁၅၇ ခုအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)