ချမ်းအေးသာစံ ဇွန် ၁၅
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်နှင့် လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ် စေရန်ရည်ရွယ်၍ မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့သည်။
ယင်းပြိုင်ပွဲတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်းသားကျောင်းသူလေးများ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများသို့ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများ၊ စာကြည့်တိုက်သို့ လာရောက်ကြသည့်ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးများအတွက် ပြည်သူ့စာကြည့်တိုက် facebook pageတွင် ပုံပြောခြင်း၊ စက္ကူခေါက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည့် အစီအစဉ်များ၊ အသိပညာပေး Talk Showများ၊ စာဖတ်ခြင်းအစီအစဥ်များကို Onlineမှ တဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်