သနပ်ပင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

သနပ်ပင် ဇွန်  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို  ယမန်နေ့ နံနက်ပိုင်းက မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေး‌ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိုပြာက  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုမှုနှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြင့်  ပြည်သူလူထုများ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးကို လုံးဝရှောင်ကြဥ်ရန် ၊ မူးယစ် ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမိပါက ဖြစ်တတ်‌သော ရောဂါလက္ခဏာများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအား ရှင်းလင်းပြောကြား၍  ဒုတိယ ဦးစီးမှူး ဒေါ်မိမိခိုင်က မူးယစ်ဆေးဝါးသုံးစွဲမိပါက ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းများအား Online အသိပညားပေး အနေဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှမိုး (ပြန်/ ဆက်)