ကွမ်းခြံကုန်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန(Commumity Center)ခန်းမတွင် Book Club အသင်းနှင့် Women Club အသင်းများနှင့် စာဖတ်ဝိုင်း ကျင်းပ

ကွမ်းခြံကုန်း ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌   Book Club အသင်းနှင့်    Women Club တို့ပူးပေါင်း၍ ယမန်နေ့ကစာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် စာကောင်းပေကောင်းရဲ့အရသာစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် Women Club ဥက္ကဋ္ဌဒေါ်နွယ်နွယ်အေးစာရေးဆရာ(ချစ်နိုင်)ရေးသားသည့် စာကောင်းပေကောင်းရဲ့အရသာစာအုပ်မှ စာဖတ်သူတစ်ဦး၏ကိုယ်တွေ့အကြောင်းအရာအားလည်းကောင်း၊ (Book Club)အသင်း အတွင်းရေးမှူးဦးတင်ထွန်းဦးက စိတ်ထားအလှအကြောင်းအရာအား လည်းကောင်း၊ ဦးဝေယံဟိန်းစေတနာကံ  အကြောင်းအရာအားလည်းကောင်း၊  အမြင်ချင်ဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။    

ဆွေနွယ်(IPRD)