ပေါင် ဇွန် ၁၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၈)နာရီကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်တင်ဇာစိုးကTalk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပေါင်မြို့မရဲစခန်းမှူး ဒုရဲမှူးမင်းဦးက မူးယစ်ဆေးဝါး၏အဓိပ္ပါယ်များ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၏ ဆိုးကျိုးများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမိလျှင်ခံစားရသောဆိုးကျိုးများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူများအနေဖြင့် ထောင်ဒဏ်အပြင်၊ သေဒဏ်ပါချမှတ်နိုင်ကြောင်း၊ မူးယစ်ဆေးဝါးဖြတ်ချင်စိတ်ရှိသောသူများအား မူးယစ်ဆေးဝါးဖြတ်ရန်အတွက် ဆေးရုံတက်ရန် အကူအညီလိုအပ်ပါကရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးရှောင်ကျဉ်သွားရန်ပြည်သူအားလုံးအပြင် တာဝန်ရှိသူများကဝိုင်းဝန်းကူညီ ကြဖို့လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)