မိုင်းစံ ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၁)နာရီက မိုင်းစံမြို့ အ-ထ-က ကျောင်းသို့ငှားရမ်းပေးလျက်ရှိသည်။
ယင်းသို့ စာအုပ်/စာစောင်များလှည့်လည်ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်စေရန်၊ စာဖတ်သူတိုးပွားလာစေရန်နှင့် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများ၊ရပ်ကွက်ပြည်သူများသို့သုတ/ရသ၊ မဂ္ဂဇင်းနှင့်ဝတ္ထုများကို စာဖတ်ပရိသတ်များလက်ဝယ်အရောက် လှည့်လည်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)