ပေါင်းတည်မြို့နယ်၌ ပလပ်စတစ်အိတ် လျှော့ချသုံးစွဲရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်

ပေါင်းတည် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပလပ်စတစ်အိတ်မသုံးစွဲရေးနေ့များကို အပတ်စဉ် စနေ၊ တနင်္ဂနွေနှင့် သောကြာနေ့တိုင်း သတ်မှတ်ထားရှိကာ စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများအတွင်း စျေးရောင်း စျေးဝယ်များအား ပလပ်စတစ်အိတ်များ လျှော့ချသုံးစွဲကြရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ကွင်းဆင်း  ပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့်ရွှေတည်စျေးများအတွင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းနှင့်အတူ စျေးတာဝန်ခံများ၊ စျေးအကျိုးတော်ဆောင်များ၊ ဝန်ထမ်းများလိုက်ပါလျက် စျေးရောင်း စျေးဝယ်များအား ပလပ်စတစ်အိတ်များ လျှော့ချသုံးစွဲရေး၊ဒေသထွက် အင်ဖက်များကို ပိုမိုသုံးစွဲရေးကို လိုက်လံအသိပညာပေးနှိုးဆော်ကာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက စျေးအတွင်း၌ဒေသထွက် အင်ဖက်ရွက်များအခမဲ့ဝေငှပေးခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ ဆက်)