တာချီလိတ်မြို့၌ အပြည်ပြည်‌ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဆုချီးမြှင့်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တာချီလိတ် ဇွန် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဒုတိယဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင်တို့က အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ဆပ်ကော်မတီများဖြစ်သည့် ဟောပြောပွဲကျင်းပရေး၊ ပြိုင်ပွဲကျင်းပရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး၊ ပညာပေးပြခန်းပြသရေး၊ ဆုချီးမြှင့်ရေး၊ လုံခြုံရေး၊ သတင်းထုတ်ပြန်ရေးနှင့် ရန်ပုံငွေရှာဖွေရေးဆပ်ကော်မတီတို့က အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ခရိုင်ဥက္ကဋ္ဌ ဦးမြင့်နိုင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဇော် (ပြန်/ဆက်)