မိုင်းပန် ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ခြင်များ ခိုအောင်းနိုင်သော နေရာများသို့ ယနေ့ နံနက် ၇ နာရီအချိန်က (Fogging)ဆေး စတင်မှုတ်ပေးလျက်ရှိကြောင်း သိရသည်။
ယခုအခါ နွေရာသီအကုန် မိုးရာသီကူးစချိန်တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်စေတတ်သည့် ခြင်များနှင့် ကင်းဝေးနိုင်စေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်လင်းထွန်း ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ခြင်များ ခိုအောင်းနိုင်သည့် နေရာများသို့ (Fogging)ဆေး မှုတ်ပေးခြင်း ဆောင်ရွင်ခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)