ဇေယျာသီရိ ဇွန် ၁၆
ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပြည်စံအောင်ရပ်ကွက်သို့ သွားရောက်ပြီး ခြင်ကိုက်ခံရမှုကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် ပိုးလောက်လန်းသေ(အဘိတ်)ဆေးခတ်ခြင်းများအား ယနေ့နံက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝေယံအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးကာလဖြစ်သည့် မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်သို့ သွားရောက်ပြီး ရေလှောင်ကန်များထဲသို့ (အဘိတ်)ဆေးများအား သွားရောက်ခတ်ပေးခြင်းနှင့် ဘုရားစင်ပေါ်ရှိ ညောင်ရေအိုးများ၊ ပန်းအိုးများတွင်လည်း ပိုးလောက်လန်းများ မကျရောက်စေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)