ကွမ်းခြံကုန်းမြို့နယ်၌ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ မြေယာများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကွမ်းခြံကုန်း ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ မြေယာများနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်ထွန်းက အဖွင့်အမှာစကားပြောကြာပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ  ဦးအောင်ဝင်းနိုင်က မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏  တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊  သီးထပ်စွမ်းအားတိုးမြှင့်ဆောင်ရွက်ရန်အတွက်  မြေလွှတ်များမထားရှိရေး၊ လယ်ယာမြေများကို အခြားနည်းများဖြင့် အသုံးမပြုရေးတိုကို ဆွေးနွေး​ခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ ဆက်)