သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ   

သဲကုန်း ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးပွဲကို ပုတီးကုန်းမြို့ရှိ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ယမန်နေ့နေ့လယ်(၁) နာရီက ရွာသစ်အုပ်စု ၊ရွာသစ်​ကျေးရွာ(အ.မ.က)စာသင်​ကျောင်းတွင် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ သဲကုန်းမြို့နယ် အ​ထွေထွေမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန ပုတီးကုန်းမြို့ အုပ်ချုပ်​​ရေးမှူး ဦး​​မျိုးဇော်ဦးမှဒေသတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊  လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်စည်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး  သွားရောက်ဆွေးနွေးလျက်ရှိရာ မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေး အတွက် လိုအပ်သည်များကို ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ အမျိုးသား မှတ်ပုံတင်ဥပဒေ အသိပညာပေးခြင်း၊ ​ကျေးရွာရပ်ဒေသအတွင်း ကုန်ထုတ် စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး၊ မီး​​ဘေးအန္တရာယ်ကာကွယ်​ရေးလုပ်ငန်းများ၊ မုန်တိုင်းအန္တရာယ် ​​ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ​ဆောင်ရွက်ပေး​ခြင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)အမည်ပြောင်းလဲလျှောက်ထားခြင်း၊ မြေခွန်စည်းကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စက်မှုလယ်ယာလုပ်ငန်းစဉ်များအား အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ ​​ သွေးလွန်တုတ်ကွေးနှင့် ပတ်သက်၍ အဘိတ်ခပ်ခြင်း၊ ဖုံး သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ဆောင်ရန်ရှောင်ရန်များ ရှင်းလင်း​​ပြောကြား​ခြင်း၊ကျန်းမာ​ရေး​စောင့်​ရှောက်မှုများဆောင်ရွက်​ပေး​ခြင်း၊ ကိုဗစ်ကာကွယ်​​ဆေးများထိုးနှံ​ပေး​ခြင်း၊ စိုက်ပျိုး​ရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များမှန်ကန်​စေ​ရေး၊စိုက်ပျိုးသီးနှံများ ​အောင်မြင်ဖြစ်ထွန်းစေ​ရေး၊ ဆည်မြောင်းဌာနမှ ရေပေးဝေမှု အခြေအနေများ၊  စားသုံးသူကာကွယ်ရေး၏ ဥပဒေနှင့်စာသုံးသူများအခွင့်အရေး စသည်တို့အား အသီးသီးအသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။

ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ တောင်သူ ၄၃ ဦးတက်​ရောက်ခဲ့ကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)