မင်းလှ ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မဈေးကြီးအတွင်း သဘာဝသယံဇာတဂေဟစနစ်ကို ပျက်ဆီးစေသော ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး အသိပညာဆောင်ရွက်ခြင်း Campaign ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်သီတာဝင်းနှင့်ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များသည် သဘာဝသယံဇာတဂေဟစနစ်ကို ပျက်စီးစေသော ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို လျော့ချရန်အတွက် ဈေးရောင်းဈေးဝယ်သူ ပြည်သူများအနေဖြင့် ကြွပ်ကြွပ်အိတ်အသုံးပြုခြင်းကို လုံးဝမပြုလုပ်ရန်၊ကြွပ်ကြွပ်အိတ်အစား စက္ကူ၊ စက္ကူအိတ်၊ ငှက်ပျောရွက်၊ အင်ဖက်စသည်တို့ကို အစားထိုးအသုံးပြုရန်အသိ ပညာပေးစည်းရုံးလှုံ့ဆော်ခြင်းကိုဆောင်ရွက်ခဲ့ကြောင်း ကြွပ်ကြွပ်အိတ်အစားထိုးပစ္စည်းများသုံးဆွဲနိုင်ရေး ဗီနိုင်းပိုစတာများကို ဈေးအတွင်းအသိပညာပေးပြသထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ပေါက်စ(မင်းလှ)