လဲချားတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

လဲချား ဇွန် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန် ခန့်က အမှတ် (၅၁၅) ခြေမြန်တပ်ရင်း ဝန်းအတွင်းတွင် စိုက်ပျိုးခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ အပူချိန်မြင့်မားလာမှုနှင့် ရာသီဥတုဖောက်ပြန်လာမှုပြန်လည် ကောင်းမွန်လာစေရေး၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ဝန်ထမ်းများနှင့်  လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှုးများ စုစုပေါင်းအင်အား ၂၀၀ ဦး တက်ရောက်ခဲ့ပြီး ချယ်ရီပင်၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ မယ်ဇလီပင်နှင့် မန်ဂျန်ရှားပင် စုစုပေါင်း(၅၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လဲချား(မြို့နယ် ပြန်/ဆက်)