ကျိုက်ထို ဇွန် ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး ယနေ့ နံနက် (၁၀)နာရီက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်မည့်နည်းလမ်းတွေကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျိုက်ထိုမြို့နယ်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးအောင်မျိူးဝင်းက သွေးလွန်တုပ်ကွေး ရောဂါအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ မြို့နယ်တွင်းသွေးလွန်တုပ်ကွေးဖြစ်ပွားမှု အခြေအနေများစသည်တို့ကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုအသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူး ထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)