ကလေးဝမြို့တွင် မိုးစပါးစိုက်ဧက ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးရန် လျာထား

ကလေးဝ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးကာလ၌ မိုးစပါးစိုက်ဧက ၁၈၅၅၆ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ်စိုက်ပျိုးကာလတွင် မိုးစပါး ၁၈၄၃၇ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ၁၈၅၂၆ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ဒေသခံတောင်သူများအနေဖြင့် ဧရာမင်းနှင့်ဆင်းသုခစပါးမျိုးများကို အဓိက စိုက်ပျိုးကြပြီး ကောက်ညင်းနှင့်နမသလေး တို့ကို အနည်းငယ်စိုက်ပျိုးကာ တစ်ဧကပျမ်းမျှအထွက်နှုန်း ၈၃ ဒဿမ ၇၉ တင်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်