ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ် အသိပညာပေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး စာစောင်များ ကပ်ထာပေး လျက်ရှိ

ရေဖြူ  ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရုံးအရှေ့ရှိ မြေစိုက်ဘုတ်တွင် ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းသား/သူ များနှင့် အများပြည်သူများ လေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး စာစောင်များနှင့် ကိုဗစ်ရောဂါကာကွယ်ရေး အသိပညာပေး စာစောင်များကို ကပ်ထားကာပြသ ထားလျက်ရှိသည်။

အဆိုပါ မြေစိုက်နံရံကပ်ဘုတ်တွင် မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သော ဘိန်းပင်၊ ဘိန်းသီး၊ WY ဆေးပြားများ၊ ICE နှင့် ဆေးခြောက်ပင်များ၊  မူးယစ်ဆေးဝါး သားကောင်ဖြစ်စဉ်များ၊  ယခင်နှစ်များက မြို့နယ်အတွင်းရှိ သဘာဝဘိန်းခင်းများကို လူထုအားဖြင့် ခုတ်ထွင်ရှင်းလင်းခဲ့မှု မှတ်တမ်းဓါတ်ပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်လာသည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ စသည့် အကြောင်းအရာများကို ပြသထားသထားရှိခြင်း၊ ကိုဗစ်-၁၉ ရောဂါ မကူးစက်ရန် လိုက်နာရမည့် အချက်များနှင့် ကလေးလူကြီးလက်ကို အဆင့်ဆင့် ဆေးကြောသန့်ရှင်းစေရန်၊ မိမိနှင့်တကွ မိသားစုများ ကိုဗစ်ရောဂါ‌ ဆောင်ရန် ရှောင်ရန် ဆိုင်ရာ အသိပညာပေး စာစောင်ကိုလည်း ကပ်ပေးထားသောကြောင့် မည်သူမဆို လာရောက်လေ့လာဖတ်ရှုနိုင်ပါကြောင်း သိရသည်။

ခတ္တာ