ကျိုက်မရော ဇွန် ၁၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၉ နာရီခွဲက အ.မ.က မူလွန်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြောင်း အသိပညာပေး ဟောပြောပြီး ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ကျောင်းသားလူငယ်များ သိရှိလိုက်နာရမည့်အချက်များကို ပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ဟောပြောသည့် အကြောင်းအရာများကို မြို့နယ်ပညာရေးမှူးက အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ရာ ကျောင်းသားကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ ထို့နောက်မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများ၊ ပြစ်မှုပြစ်ဒဏ်များအား နံရံကပ် စာစောင်များ ဗီနှိုင်းပိုစတာများကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည်ရူခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် ဦးစီးဌာန၊ ရုံးချုပ်မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)