ကဝမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ မတည်ရန်ပုံငွေထုတ်ချေးခြင်း အခမ်းအနားကျင်းပ

ကဝ ဧပြီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ကျေးရွာမတည်ရန်ပုံငွေအား ကျေးရွာအသင်းသူ/ အသင်းသားများသို့ထုတ်ချေးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စုလှိုင်က စီမံကိန်းချေးငွေများထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်နှင့် ပြန်လည်ပေးဆပ်ရမည့် အခြေအနေတို့ကိုရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် အောင်ကံလှိုင်ကျေးရွာနှင့် အောင်နိုင်ကြီးကျေးရွာများရှိ အသင်းသား/ အသင်းသူ (၆၆)ဦးတို့အတွက် တစ်ရွာလျှင် ငွေကျပ်သိန်းတစ်ရာနှုန်းဖြင့် ကျေးရွာနှစ်ရွာအတွက် ငွေကျပ်သိန်းနှစ်ရာအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စုလှိုင်နှင့် မြို့နယ်သမဝါယမဦးစီးဌာနမှူးတို့က စီမံကိန်းအသင်းသား/ အသင်းသူများအားပေးအပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြစိမ်ရောင်စီမံကိန်းဝင်ကျေးရွာများမှ အသင်းသား/ အသင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)