ညောင်လေးပင် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စားသုံးသူရေးရာကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေးလမ်း၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ မန္တလေးလမ်း(မူ)လွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်မေပုလဲဦးမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ မူးယစ်ဆေးဝါး၏အန္တရာယ်၊ မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့်ဖြစ်လာနိုင်သော ဆိုးကျိုးများအား အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ထွေးမှ စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူရေးရာကာကွယ်ရေးဥပဒေများအား အသိပညာပေးပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရဲကပ်စာစောင်နှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းသူနိုင်(ပြန်/ ဆက်)