ပေါင်မြို့နယ်တွင်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပေါင် ဇွန် ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနား ကိုယမန်နေ့ည‌နေပိုင်းက ပန်းကုန်းမွန်ကျေးရွာ သာယာကုန်းတိုက်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လတ်က နိုင်ငံတော်မှထောက်ပံ့မှုဖြင့် ယခုသင်တန်းဖွင့်လှစ်ရခြင်း‌ဖြစ်ကြောင်း မိမိ၏ငွေမကုန်ဘဲ သင်တန်းတက်ရောက်ရာတွင် ‌သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးသည်ထိတက်ရောက်ပေးကြလို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ စက်ချုပ်ပညာသည် လူတိုင်းတက်သိနားလည်အောင် အခြေခံစက်ချုပ်ပညာသင်ထားသင့်ပါကြောင်း၊ အဝတ်အစားသည် လူတိုင်းမဖြစ်မနေဝတ်ဆင်ကြသည့်အတွက် စက်ချုပ်ပညာသည်လူတိုင်းတွက် အရေးကြီးပါကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပေါင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနွေးက ယခုသင်တန်းဖွင့်လှစ်ရခြင်းသည် မြန်မာအမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာစေတဲ့အတွက် သင်တန်းဖွင့်လှစ်ပေးတဲ့အတွက် ဝမ်းသာပါကြောင်း‌ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် စိတ်ပါဝင်စားသည့်သင်တန်းသူများ တက်ရောက်ကြပြီ သင်တန်းကာလမှာ တစ်လကြာမြင့်သွား‌ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ ဆက် )