ဘိုကလေးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

ဘိုကလေး ဇွန် ၁၆

ပြည်သူများအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများအား ကျယ်ပြန့်စွာ သိရှိနားလည်စေရေးနှင့် သိရှိပြီးသော အသိပညာများအား မိသားစုများနှင့် နေထိုင်ရာ ပတ်ဝန်းကျင်သို့ ပြန်လည်မျှဝေနိုင်ရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် (၉)နာရီ အချိန်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ များအား နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်သည်။

ပြသဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်အသိပညာပေးထားသည့် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါလက္ခဏာများ၊ အရေးပေါ် လက္ခဏာများ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် လိုက်နာရမည့် အချက်များနှင့် ရှောင်ရှားရမည့် အချက်များ၊ ဆရာဝန်၊ ဒေါက်တာများ၏ သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သတ်၍ ရေးသားဖော်ပြထားသော ဆောင်ပါး ကောက်နုတ်ချက်များအား ပြည့်စုံစွာ ထည့်သွင်းအသိပညာပေးထားကြောင်းနှင့် ၎င်း အသိပညာပေး နံရံကပ်ဘုတ် ပြသမှုအား ပြည်သူများမှ စိတ်ပါဝင်စားစွာ လာရောက် လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)