မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)" ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်း" သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မဟာအောင်မြေ ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)"၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း" သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားကို မန္တလေးတိုင်းသဒသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦမျိုးအောင်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ထူးချွန်ထက်မြတ်တဲ့ သင်တန်းသား/သူ လူငယ်မောင်မယ်များ အားလုံးနှင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်းကြတဲ့ တိုင်းရင်းပြည်သူများရဲ့ လူမှုစီးပွားရေးဘဝနဲ့ပညာရေး၊ကျန်းမာရေးစတဲ့ အဆင့်အတန်းတွေ မြင့်မားလာစေရန်၊ ပညာရေးပြည့်ဝပြီး၊ ကျန်းမာကြံ့ခိုင်တဲ့လူငယ်များကို ပြုစုပျိုးထောင် လေ့ကျင့်ပေးတဲ့ လုပ်ငန်းရဲ့အခန်းကဏ္ဍဟာ အထူးအရေးပါကြောင်း၊ နိုင်ငံအတွက် ထူးချွန်းတဲ့မျိုးဆက်သစ် အားကစားသမား စဉ်ဆက်မပြတ်မွေးထုတ်ပေးရန် စသည့်အကြောင်းအရာများအား အကျယ်တဝင့် ပြောကြားခဲ့သည်။

အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင် (ညွှန်ကြားရေးမှူး)က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အား/ကာသိပ္ပံ(မန္တလေး)ကျောင်း၌ တက်ရောက်ပညာသင်ကြားနေသော သင်တန်းသား/ သူများအား အားကစားနည်း(၁၃)နည်း သင်တန်းသား/သူ(၂၇၀)ဦးလျထားခဲ့ပြီး သင်တန်းသား (၁၁၈)ဦး သင်တန်းသူ(၁၀၄) စုစုပေါင်း(၂၂၂)ဦး တက်ရောက်ပညာသင်ကြားနေကြောင်း၊ မကွေးတိုင်းဒေသကြီး(၄၃)ဦး၊ ကချင်ပြည်နယ် (၁၈)ဦး၊ ချင်းပြည်နယ်(၁၃)ဦး၊ နေပြည်တော် (၃၀)ဦး၊ စစ်ကိုင်း‌တိုင်းဒေသကြီး (၁၀)ဦး၊ ရှမ်းပြည်နယ် (၈)ဦး၊ ကယားပြည်နယ် (၁)ဦးတို့မှ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း၊ အဆိုပါ သင်တန်းသား/ သူများသည် နိုင်ငံအတွက် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ စနစ်တကျ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အလှူရှင်များမှလည်း အလှူငွေများ ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦမျိုးအောင်နှင့် မန္တလေးတိုင်းသဒသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦမျိုးအောင်နှင့် မန္တလေးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ  အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြား‌ထားသောဧည့်သည်တော်များ၊ အားကာသိပ္ပံ(မန္တလေး)မှ နည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး ခင်းကျင်းပြသထားသော အားကစား နည်းများအား သက်ဆိုင်ရာတာဝန်ရှိသူမှ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း