ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အောက် ကျောင်းသား/ကျောင်းသူများအား စတုတ္ထအကြိမ်မြောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ပြည်ကြီးမဏ္ဍိုင် ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာ အလယ်တန်း ကျောင်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်း၌ စတုတ္ထအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြို့ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမက ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေသည့်အတွက် လူစုလူဝေး ရှောင်ရှားကြရန် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွါးအောင် ရှောင်ရန်၊ ဆောင်ရန် အချက်များအား အသိပညာပေး ဟောပြောခဲ့သည်။ ပြည်ကြီးမဏ္ဍိုင်မြို့၌ အ.ထ.က (၁) ကျောင်း၊ အ.ထ.က(ခွဲ)(၂) ကျောင်း၊ အ.လ.က(၃) ကျောင်း၊အ.မ.က (၁၃)ကျောင်း၊ မူလွန်(၂)ကျောင်း၊ စုစုပေါင်း(၂၁)ကျောင်းရှိရာ အ.လ.က (ပြည်ကြီးမဏ္ဍိုင်)ကျောင်း ဆောင်ခန်းမ ဆေးထိုးစုရပ် နေရာတွင်  အသက် (၅) နှစ်မှ (၁၂) နှစ် အထိ ကျောင်း သား/ကျောင်းသူများအား  ကျေးလက် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စတုတ္ထအကြိမ်မြောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)