ချမ်းမြသာစည် ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၇၃လမ်း၊ ၁၀၂(A)x၁၀၇ လမ်းကြားရှိ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)၊ အားကစားခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၈:၀၀နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားပစ္စည်း အရောင်းဆိုင်များ၊ ကိုယ်ပိုင် အထက်တန်း ကျောင်းများ၊ အလှူရှင်များမှ လှူဒါန်းသော အလှူငွေ စုစုပေါင်း ၃၃၄ သိန်းအား ပေးအပ်လှူဒါန်းခဲ့ရာ လှူဒါန်းငွေများအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ သယံဇာတရေးရာ ဝန်ကြီးဦးရွှေဇင်တို့က လက်ခံရယူခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ထို့နောက် အား/ကာ (သိပ္ပံ) ကျောင်းအုပ်ကြီးဦးနိုင်လင်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာ ဝန်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အား/ကာ(သိပ္ပံ) ကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)