ကလေး ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကြောင်း သိကောင်းစရာ Talk Show ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community center) ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းမင်းအောင်က Talk Show ကျင်းပရခြင်းနှင့် ပတ်သက်၍ ဦးစွာဆွေးနွေးပြောကြားခဲ့ပြီး ကလေးခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ဇာဇာအေးက ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကြောင်း သိကောင်းစရာနှင့် ပတ်သက်၍ စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတ်မြေဩဇာအလွန်အကျွံသုံးစွဲမှုများ၊ သစ်တောပြုန်းတီးမှုများ၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိသည့် လေထုညစ်ညမ်းမှုများ မြေအသုံချမှုပြောင်းလဲခြင်း စသည့် အကြောင်းအရာများကြောင့် ရာသီဥတုပြောင်းလဲစနိုင်ပြီး အဆိုပါ ပြောင်းလဲမှုများကြောင့် အကျိုးဆက် သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှု လျော့ချနိုင်မည့် နည်းလမ်း များကို ဆွေးနွေးခဲ့သည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွား နိုင်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများဖြင့် Online Talk Showများ၊ စာဖတ်ဝိုင်း၊ အသိပညာပေး ဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)