ချောင်းဆုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ဧက(၁၇၅၀၁)ဧက စိုက်ပျိုးပြီးဖြစ်၍ လျာထားချက်၏(၂၆.၈၅) ရာခိုင်နှုန်းပြီးစီး

ချောင်းဆုံ ဇွန် ၁၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပြည်သူများ ဒေသဝမ်းစာ စပါးဖူလုံစေရေးအတွက် ၂၀၂၃ ခုနှစ်အတွင်း မိုးစပါးစိုက်တောင်သူများအနေဖြင့် စိုက်ဧက(၆၅၂၄၂) စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားလျက်ရှိပြီး ဇွန်လ(၁၆)ရက်နေ့အထိ မိုးစပါး (၁၇၅၀၁)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၂၆.၈၅)ရာခိုင်းနှုန်း စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု လျာထားချက်ပြည့်မီကျော်လွန်စေရေး ၊ မျိုးကောင်းမျိုးသန့် စပါးများစိုက်ပျိုး၍ အထွက်နှုန်းတိုးပွားစေရေး ၊ စိုက်နည်းစနစ်နှင့် သဘာဝမြေသြဇာ သုံးစွဲမှုနည်းစနစ်မှန်ကန်စေရေးအတွက် ဝန်ထမ်းများမှကွင်းဆင်းပြီး တောင်သူများအား အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း (၂၀၂၃)ခုနှစ် ဇွန်လ (၁၆)ရက်နေ့ထိ စိုက်ပျိုးရန်မြေပြင်ပြီးစီးမှု(၃၄၀၀၂)ဧက ပြင်ဆင်ပြီးဖြစ်ကြောင်း တောင်သူများ စိုက်ပျိုးရာသီမကျော်လွန်ခင် အချိန်မီစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းဧက(ချောင်းဆုံ)