ပဲခူးတိုင်းဒေသကြီး FDA နှင့်ပူးပေါင်းအဖွဲ့များ ပေါက်ခေါင်းမြို့မဈေးကြီးအတွင်းရှိ ပဲသွေး၊ ပဲပြားနှင့်သွေးခဲအမျိုးမျိုးရောင်းချသည့်ဆိုင်များအား စစ်ဆေး

ပေါက်ခေါင်း       ဇွန်     ၁၆

ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ပေါက်ခေါင်းမြို့နယ်အစားအ‌သောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့မစည်ပင်သာယာဈေးကြီးအတွင်း ဈေးဆိုင်များတွင်ရောင်းချနေသည့်အစားအစာများတွင် တာရှည်ခံဆေးများ အသုံးပြုရောင်းချခြင်းရှိ/မရှိနှင့်သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး(FDA)နှင့် ပေါက်ခေါင်းမြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းအဖွဲ့ဝင်များက မြို့မစည်ပင်သာယာဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသောက်ကုန်များ၊ အချိုရည်၊လက်ဖက်တို့တွင် ဆိုးဆေးများ၊ ကုန်ညွှန်းအမှတ်အသားတို့ပြည့်စုံပါဝင်ခြင်းရှိ/မရှိနှင့် ပဲသွေး၊ ပဲပြားနှင့်သွေးခဲအမျိုးမျိုးတို့တွင် တာရှည်ခံဆေးများထည့်သွင်းပြုလုပ်ရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရောင်းချသူများအား အသိပညာပေးပြောကြားပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)