ညောင်လေးပင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုသတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

ညောင်လေးပင် ဇွန် ၁၆


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်အား ယနေ့ မွန်းလွဲ(၂)နာရီအချိန်က အ.ထ.က(ခွဲ)ညောင်လေးပင်နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ စာရေးဆရာ နုခန့်ယဥ်(ရစ်ကန်ကြီး) ရေးသားထားသော မူးယစ်ဆေးဝါးတို့ရှောင်ရှားကဗျာ၊မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ် လူသစ် ဘဝသစ် အစရှိသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးများပါရှိသည့် လက်ကမ်းစာစောင်များကို မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဟိန်းသူနိုင်(ပြန်/ ဆက်)